မြန်မာဝီကီမီဒီယာ အသိုင်းအဝိုင်း အသုံးပြုသူ အုပ်စု

This page is a translated version of the page Myanmar Wikimedia Community User Group and the translation is 100% complete.
Main pageMembersActivitiesReportsTalk
မြန်မာဝီကီမီဒီယာ အသိုင်းအဝိုင်း အသုံးပြုသူအဖွဲ့

မြန်မာနိုင်ငံ တည်နေရာ
Locationမြန်မာနိုင်ငံ
Country codeMMR
Legal statusစေတနာ့ဝန်ထမ်းနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း
Approval date23 ဇန်နဝါရီ 2020
Main officeရန်ကုန်မြို့
Official language(s)မြန်မာဘာသာ
Other language(s)အင်္ဂလိပ်ဘာသာ
ကချင်ဘာသာ
ကယားဘာသာ
ကရင်ဘာသာ
ချင်းဘာသာ
မွန်ဘာသာ
ရခိုင်ဘာသာ
ရှမ်းဘာသာ
AffiliationsESEAP
Mailing listwikimedia-mm
TwitterMyanmar Wikipedia
FacebookMWCUG
Myanmar Wikipedia

မြန်မာဝီကီမီဒီယာ အသိုင်းအဝိုင်း အသုံးပြုသူအဖွဲ့ (Myanmar Wikimedia Community User Group - MMR) သည် ဝီကီမီဒီယာ အသုံးပြုသူဆိုင်ရာ အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ကြသူများ၊ မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားသူများနှင့်၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတဝှမ်းလုံးရှိ မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်နွယ်နေသူများအတွက် ဖြစ်သည်။

မျှော်မှန်းချက်များ

  • မြန်မာနိုင်ငံရှိ ဝီကီမီဒယာ ပရောဂျက်ဆိုင်ရာ အခန်းကဏ္ဍများကို မြှင့်တင်နိုင်ရန် online (သို့) offline အသိပညာပေးအစီအစဉ်နှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးနိုင်ရန်၊
  • ဝီကီမီဒီယာ ပရောဂျက်များသို့ ပါဝင်ကူညီပေးနိုင်မှုများကို မြန်မာပြည်သူများ သိရှိနားလည်စေရေး သင်ကြားပေးရန်။
  • မြန်မာနိုင်ငံရှိ လူနည်းစုသုံး-ဘာသာစကား ပြောဆိုသုံးစွဲကြသူများအား ၎င်းတို့ကိုယ်ပိုင် ဘာသာစကားသုံး ဝီကီမီဒီယာ ပရောဂျက်များ ပြုလုပ်ထည့်သွင်းနိုင်ရေး ကူညီပေးရန်။
  • ဝီကီမီဒီယာ ပရောဂျက်များတွက် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် အကြောင်းအရာများကို စုဆောင်းပေးရန်။

လှုပ်ရှားဆောင်ရွက်မှုများ

အစီအမံများ

  • ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာဝီကီပီးဒီးယားနှင့် ရှမ်းဝီကီပီးဒီးယားတို့မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဟောပြောဆွေးနွေးပွဲကျင်းနိုင်ရေး စီမံထားခြင်း။
  • ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာဝီကီပီးဒီးယားနှင့် မွန်ဝီကီပီးဒီးယားတို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဟောပြောဆွေးနွေးပွဲကျင်းနိုင်ရေး စီမံထားခြင်း။
  • ၂၀၂၀ ပြည့်နှစ်တွင် Phandeeyar Accelerator (www.phandeeyar.org)နှင့် ပူးပေါင်း၍ ရန်ကုန်မြို့၌ အလုပ်ရုံဆွေးနွေးပွဲများ လစဉ် ကျင်းပနိုင်ရေး စီမံထားခြင်း။။
  • ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဝီကီပီးဒီးယား ပညာရေးဆိုင်ရာ အစပျိုးမှုအား ဆောင်ရွက်နိုင်ရေး စီမံထားခြင်း။
  • ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဝီကီပီးဒီးယား ယဉ်ကျေးအမွေအနှစ်ဆိုင်ရာ အစပျိုးမှုအား ဆောင်ရွက်နိုင်ရေး စီမံထားခြင်း။

ဆောင်ရွက်မှု သမိုင်း

  • ၂၀၀၉ ခုနှစ်တွင် မြန်မာဝီကီပီးဒီးယား အလုပ်ရုံဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စီစဉ်ပြုလုပ်ခဲ့သည်။
  • ၂၀၁၄ ခုနှစ်တွင် တယ်လီနော-မြန်မာမှ အဓိကပံ့ပိုးကူညီသူအဖြစ် ရန်ကုန်မြို့၌ ကြီးမှူးကျင်းပခဲ့သော NetMonday အခမ်းအနားသို့ ပါဝင်၍ ဒဂုံတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၂,၀၀၀ ကျော်အား ဝီကီပီးဒီးယားအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
  • ၂၀၁၄ ခုနှစ်၌ပင် ၎င်း NetMonday အခမ်းအနား မန္တလေးမြို့၌ ကျင်းပမှုသို့ ထပ်မံပါဝင်၍ မန္တလေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ ၂,၀၀၀ ကျော်အား ဝီကီပီးဒီးယားအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
  • ၂၀၁၄ ခုနှစ်၌ပင် မန္တလေးတက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာနတွင် ဝီကီပီးဒီးယား ပြင်ဆင်တည်းဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
  • ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့၌ ဝီကီပီးဒီးယား ဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
  • ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးမြို့၌ ဝီကီပီးဒီးယား ဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
  • ၂၀၂၀ ပြည့်နှစ် မတ်လတွင် တောင်ကြီးမြို့၌ ဝီကီပီးဒီးယား ဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
  • ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဝီကီပီးဒီးယား အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲအား Zoom မှတဆင့် စီစဉ်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြောဆိုသုံးစွဲသော ဘာသာစကားများဆိုင်ရာ ဝီကီမီဒီယာ ပရောဂျက်များ

ဘာသာစကား ပရောဂျက်များ ဆောင်းပါးများ စာမျက်နှာများ တည်းဖြတ်မှုများ စီမံခန့်ခွဲသူများ အသုံးပြုသူများ တက်ကြွဆောင်ရွက်နေသည့် အသုံးပြုသူများ
မြန်မာဘာသာ ဝီကီပီးဒီးယား 108,375 246,112 847,129 4 123,473 121
ဝစ်ရှင်နရီ 125,146 130,646 937,344 2 9,771 16
Wikisource 0 8 12 0 -1 0
ရှမ်းဘာသာ ဝီကီပီးဒီးယား 13,681 32,240 64,964 2 4,838 16
ဝစ်ရှင်နရီ 38,010 45,304 99,695 2 839 7
Wikivoyage 177 2,007 7,822 1 541 7
Wikibooks 148 4,388 10,645 1 376 3
Wikinews 377 2,851 9,290 0 63 9
မွန်ဘာသာ ဝီကီပီးဒီးယား 1,943 6,658 44,549 2 4,107 16
ဝစ်ရှင်နရီ 53,355 78,038 102,481 1 1,552 12
Pa'O Wikipedia 2,828 7,549 30,191 1 1,873 10
Wiktionary 2,611 3,521 11,085 1 346 7

၂၀၂၁ မဟာဗျူဟာ

မြန်မာဘာသာဖြင့် ရေးသားထားသည့် မြန်မာဝီကီမီဒီယာ အသိုင်းအဝိုင်း အသုံးပြုသူအဖွဲ့ မဟာဗျူဟာ ၂၀၂၁ အား အောက်ပါ လင့်ခ်၌ ကျေးဇူးပြု၍ ဝင်ရောက်ရှာဖွေပေးပါ။

ဆက်သွယ်ရန် အချက်အလက်များ